မော်လမြိုင် ဇန်နဝါရီလ ၁၂
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄၂) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် (၁၀.၁.၂၀) ရက်နေ့နှင့် (၁၁.၁.၂၀) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၌ အသွားအလာ ကန့်သတ်ထားရှိသူများ၊ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူများ၊ အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနတွင်စစ်ဆေးခဲ့သူများ စုစုပေါင်း(၁၆၁၉)ဦးကို RDT Test Kit ဖြင့်စစ်ဆေးခြင်း နှင့်ပြည််သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန စစ်ဆေးမှုအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ( ၄၂) ဦး ရှိပြီး ပိုးတွေ့ရှိသူများသည် မွန်ပြည်နယ်မှ နေထိုင်သူများဖြစ်ကြောင်းသိရသည်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွား အလာ ကန့်သတ် စောင့်ကြည့်မှုများ လုပ်ဆောင်သွားမည်ကြောင်း ဓာတ်ခွဲ အတည်ပြုလူနာ များနှင့်အနီးကပ် ထိတွေ့ခဲ့သူများအနေဖြင့် အုပ်ချုပ်ရေး (သို့မဟုတ်) နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားခြင်းဖြင့် အကူညီ ပေးကြပါရန် ပြည်သူ့ ကျန်းမာရေးဌာနမှ မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)