ခရမ်း ဇန်နဝါရီ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိ စစ်ဆေး ၍ Mask တပ်ဆင်မှု မရှိသူများ ကို mask များအား ယနေ့နံနက်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ခရမ်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းထူးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဈေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအသိ ပညာပေးခြင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေး ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့် ဆေးဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းများနှင့် ဈေးများ အတွင်း Mask တပ်ဆင်မှုမရှိသော ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဈေးရောင်းချခြင်း၊ ဈေးဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမ အကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဒဏ်ငွေရိုက်ခြင်း၊ တတိယအကြိမ် စည်းကမ်းမလိုက် နာပါက ဈေးရောင်းချခွင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ခရမ်းမြို့နယ် စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးထံမှ သိရသည်။
ကိုမင်း(ခရမ်း)