ကွမ်းခြံကုန်း ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး လုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံး အဆောက်အဦများတွင် မီးဘေးလုံခြုံရေးပစ္စည်း ကိရိယာ များ ပြည့်စုံမှု ရှိ၊ မရှိ ကို ယမန်နေ့ မနက်ပိုင်းမှစ၍ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၆) ဦးဖြင့် တော်ပုလွဲရပ်ကွက်နှင့် မင်းပိုင်း ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ထားရှိ ရမည့် မီးချိပ် ၊ မီးကပ် ၊ သဲပုံး၊ ရေပုံးများ ထားရှိမှုနှင့် ရုံးအတွင်း မီးသတ်ဆေးဘူးများ ထားရှိမှုတို့ကို သတ်မှတ်ချက်များနှင့် ပြည့်စုံမှု ရှိ၊မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများသို့ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများ ထားရှိမှုကို ယခုလ (၁၂) ရက်နေ့အထိ အပြီးသတ်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)