ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ကော့မှူး မတ် ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွံတေးခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က အလယ်တန်းအဆင့် မူလတန်းအဆင့် ကျောင်းသား/သူများအား စာဖတ်သည့် အလေ့အကျင့်များရရှိပြီး စာဖတ်စွမ်းရည်များ တိုးတက်စေရန် စာဖတ်နှုန်းအသံထွက်‌အဖျက်အ‌တောက်များ ပိုမို‌ကောင်းမွန်စေရန် မိမိဖတ်ရှုသည့် စာအုပ်ပေါ်တွင် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ (၁၂) ဦးက (၈၁) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များအား တစ်ဦးချင်းဖတ်ကြား၍ အကောင်းဆုံး ကျောင်းသား/သူ (၃) ဦးအား ဆုချီးမြှင့်ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား/သူများက ခါးလှည့်ကွင်းပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပရာပြိုင်ပွဲတွင် ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ