အုတ်ဖို ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ကော်မတီမှ ယနေ့ နံနက် ၁၀ နာရီ ၄၅ အချိန်က ဆေးဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှု ရှိ မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဒေါက်တာထက်လင်းနိုင်၊ ကျန်းမာရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ်စားသုံးသူရေးရာ တာဝန်ခံ ဦးအေးဇော်ထိုက်၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ဒုတိယ ဦးစီးမှူး ဒေါ်သီတာဝင်း ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြတ်ထူးဝေ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရုံးအုပ် ဒေါ်ဆွေဆွေမွန် နှင့် မြို့မရဲစခန်းမှ ရဲအုပ် နေလင်းအောင်တို့က အုတ်ဖိုမြို့တွင် ရောင်းချ လျက်ရှိသော ဆေးဆိုင် (၆) ဆိုင်အား လိုက်လံ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)