ဘားအံ မတ် ၁၈
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ဂီတအစည်းအရုံး ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈:၀၀ နာရီက ရွှေဖားစည်အိမ်ရာ(၂) အခန်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်၊ မြို့နယ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ဆိုင်းဘုတ်များအား ကရင်ပြည်နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပတ်ဖျန်း၍ ဂီတအစည်းအရုံး ရုံးခန်းအား ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ပြည်နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်စကား ပြောကြားပြီး ဘားအံမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးကျော်စိန်က ဂီတအစည်း အရုံး၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း၊ စည်းမျဉ်းစည်းကမ်းများအကြောင်း ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)