ကော့မှူး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီက မြို့မဈေးကြီး၌ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များကျန်ရှိမှုမရှိစေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးအား စျေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး၊ လုံခြုရေးမီးလိုင်းမှအပမလိုအပ်သော လျှပ်စစ်မီးလိုင်းများ ပိတ်ထားစေရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများစနစ်တကျချထားစေရေးနှင့် အခြားသောမီးဘေးလုံခြုံရေးကိစ္စရပ်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်+သန္ဓေ (၅) ဦး ၊မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ စျေးတာဝန်ခံ ဦးအေးသွင်နှင့် စျေးလုံခြုံရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
ကျော်သူရ