မြို့သစ် မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဈေးများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးမှူးရုံး၌ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေလင်းကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်းအား သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)