သရက်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၃၁)အကြီးစားစက်ရုံ(သရက်) စက်ရုံစုပေါင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၃၁)အကြီးစားစက်ရုံ သရက်စက်ရုံမှူး ဦးထင်အောင်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းက “အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ရေးနှင့် အမျိုးသမီးရေးရာအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် သရက်ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်က “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာဥပဒေများအကြောင်း ဟောပြောခဲ့ပြီး သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင် ဦးစီးမှူး ဒေါ်နေမျိုးပိုင်က “ထိန်းသိမ်းသင့်သည့်မြန်မာအမျိုးသမီးတို့၏ဂုဏ်ရည်များ” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်ပြီး သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းမိုးက “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း ခရိုင်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန  ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အုပ်စိုးလင်း ကဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများနှင့်ပတ်သက်၍ ဟောပြောသည်။ အခမ်းနားအပြီးတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက ကျားမအခြေပြုအကြမ်းဖက်မှုအသိ ပညာပေးလက်ကမ်းစာစောင်အား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)