ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂) ရပ်ကွက်၊ ယုဇနမြို့တော်မုခ်ဦးအနီး ပဲခူးမြစ် လမ်းမကြီးနှင့် ကျွန်းရွှေဝါလမ်းထောင့်ရှိ မြေကွက်လပ်ပေါ် တွင် မြို့နယ်ခန်းမဆောက်လုပ်ရန်အတွက် ယနေ့နံနက် (၀၇:၃၀)အချိန် က ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်က အဖွင့်အမှာစကား ပြောကြား၍ မင်္ဂလာရာဇမတ်တိုင် ပတ်လည် အတွင်း၌ မင်္ဂလာ ပန္နက်ရိုက်တင်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်(၈) ဦးသူရအောင်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဒေါ်ခင်သိင်္ဂီ၊ မြို့နယ်စီမံကိန်း ရေးဆွဲဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးညီညီထွန်း၊ မြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ် လျှပ်စစ်မှူး ဦးမြင့်ရွှေ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အမှတ်(၉၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မင်္ဂလာရာဇမတ်တိုင်(၄)တိုင်ပတ်လည်ကို အမွေး နံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)