ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားပြုလုပ်

ကလေးဝ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် နိုင်ငံတော်အစိုးရ နိကာယ်စာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲနှင့် ဓမ္မာစရိယ စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

ပထမဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီး ရွှေမုဌောကျောင်းတိုက် ဆရာတော်ဦးမာဃိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်းသိရသည်။

ထိုနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ကလေးဝမြို့ပေါ်ရှိ ကျောင်းတိုက် (၇) တိုက်၊ သီလရှင်စာသင်တိုက်နှင့် အဆိုပါကျောင်းများမှ စာဖြေသံဃာနှင့် သီလရှင်များအားနဝကမ္မနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ (၁) ကျမ်းဖြေဆိုအောင်မြင်ခဲ့​သောသံဃာ (၁) ပါးနှင့်သီလရှင် (၁) ပါး၊ အစိုးရနိကယ်စာမေးပွဲတွင် ဝိနယဝိဒူဖြေဆိုအောင်မြင်ခဲ့သော သီလရရှင် (၁) ပါးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မီတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများက သီရိမင်္ဂလာကိုးနဝင်းကျောင်းတိုက်ဆရာတော်ဥူးဓမ္မိသာရထံမှ အနုမောဓနာ တရားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)