ကျောက်ကြီးမြို့နယ်၌ (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း ဆောင်ရွက်

ကျောက်ကြီး မတ် ၂၀

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၆ ခုနှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီးဆောင်ရွက်လျက်ရှိသည်။

ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံညွှန်ကြားချက်နှင့်အညီ မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး ကျောက်ကြီးမြို့နယ်အတွင်း အသက် ၁၀ နှစ်နှင့် အသက် ၁၄ နှစ်ကြားရှိ ပညာသင်နှစ် ၃ နှစ်အထက် ကျော်လွန်နေသော ကျောင်းသား/ ကျောင်းသူများအား ကျောင်းပြင်ပပညာရေးအစီအစဥ်ဖြင့် ချိတ်ဆက်ပြီး ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကျောင်းအတွင်း တက်ရောက်ပညာသင်ယူရန်အခက်အခဲရှိသည့် ကလေးများအတွက် ရည်ရွယ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယခု ( ၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၀ ရက်နေ့ (၂) ရက်တာ ပထမအဆင့် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၅၁) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၄၈) ဦး၊ ပျက်ကွက် (၃) ဦးနှင့် ဒုတိယအဆင့် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၈)ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၈)ဦး၊ ပျက်ကွက်မရှိ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်ထွေး ပြောကြားချက်အရသိရသည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခြင်း၊ စာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား/ ကျောင်းသူများအား မုန့်ပဲသရေစာများ ဝေငှပေးခြင်းနှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)