ရန်ကုန် မတ် ၂၀
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ H O B ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိနေသည့် စားသုံးဆီတင်င်္သောမှ သယ်ဆောင်လာသည့် စားသုံးဆီများ အလေးချိန်နှင့် အရည်အသွေးပြည့်မှီသော စားသုံးဆီများအား ဆီကန်များအတွင်းသို့ ထည့်သွင်းသိုလှောင်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးမှ တာဝန်ရှိသူများ၊ MITS မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်စုစည်းမှုအဖွဲ့မှ တာဝန်ရှိသူများသည် စားသုံးဆီတင် MT AU GEMINI သင်္ဘောမှ ဆီသုံးဆီများ အရည်အသွေး၊ အလေးချိန်နှင့် သန့်ရှင်းမှုများအား စစ်ဆေးပြီး စားသုံးဆီများအား လွဲပြောင်းလက်ခံရယူကာ ဆီသိုလှောင်ကန်များအတွင်းသို့ စနစ်တကျထည့်သွင်းနေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)