မြောက်ဥက္ကလာမြို့နယ်ရှိ ဆေးတက္ကသိုလ် (၂) နှင့် သီရိရတနာလက်လီလက်ကားဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်

မြောက်ဥက္ကလာပ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဆေးတက္ကသိုလ် (၂) တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက အဆိုပါဆေးတက္ကသိုလ်-၂ ခြံ၀င်းအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ယာယီရဲမှူး မျိုးအောင်၊ ဆေးတက္ကသိုလ်-၂ မှ ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးဦးစည်သူမျိုးနှင့် တပ်ဖွဲ့ဝင်များက အသိပညာပေးပြောကြားရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ မီးလောင်ရသည့် အကြောင်းရင်းများ၊ မီးဘေးကြိုတင်ကာကွယ် ရေးနည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးအကြောင်းနှင့် အသုံးပြုနည်းများ ရှင်းပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းများ 191 Report Application အား ထည့်သွင်းအသုံးပြုစေရေး ရှင်းလင်းပြသဆောင်ရွက်ခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာလက်လီ လက်ကားဈေးတွင် ဈေးများ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် စျေးတာဝန်ခံများနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ တပ်ဖွဲ့၀င်များက ဈေးအတွင်းရှိ Hydrant ငုတ်များရေထွက်စမ်းခြင်း၊ စျေးအတွင်းရှိ ဆိုင်ခန်းများအား စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)