မြောက်ဥက္ကလာပမြို့နယ်ရှိ လပြည့်စည်ဘီယာနှင့် စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

မြောက်ဥက္ကလာ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ သိင်္ဂီလမ်းရှိစစ်မှုထမ်းဟောင်း၊ သက်သာဆိုင်ခန်း၊ အမှတ် (၈/၉/၁၀)၊ လပြည့်စည်ဘီယာနှင့် စားသောက်ဆိုင်တွင် မတ် ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ သိင်္ဂီလမ်းရှိ စစ်မှုထမ်းဟောင်း၊ သက်သာဆိုင်ခန်း၊ အမှတ် (၈/၉/၁၀)၊ လပြည့်စည်ဘီယာနှင့် စားသောက်ဆိုင်တွင် မီးလောင်နေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်မီးငြိမ်းသတ်ရာ ညနေ ၆ နာရီ ၅၃ မိနစ်အချိန်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းရခြင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ သိင်္ဂီလမ်းရှိ စစ်မှုထမ်းဟောင်း၊ သက်သာဆိုင်ခန်း၊ အမှတ် (၈/၉/၁၀)၊ လပြည့်စည်ဘီယာနှင့် စားသောက်ဆိုင်တွင် ဘုရားမီးပူဇော်ထားသော LED မီး အပူလွန်ကဲရာမှအောက်ရှိ အ၀တ်အစားများပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၃၅ ပေ ၊ အနံ ၄၀ ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂) ထပ် (၁)လုံး ၊ Pessic Chiller ရေခဲ သေတ္တာ တစ်လုံး ၊ Samsung ရေခဲ သေတ္တာတစ်လုံး၊ ဆိုင်သုံးပစ္စည်းအနည်းငယ် စုစုပေါင်းတန်ဖိုး ၁၁၀၀၀၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ပိုင်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီ (ဘ) ဦးမြင့်သိန်း၊ အသက် (၅၂) နှစ်အား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၁၄၇ /၂၀၂၆ /ပုဒ်မ-၂၅၈အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)