ပေါက်ခေါင်းမြို့နယ်၌ ဆောင်းမြေပဲ ဧက (၃၂၃၄) ဧက ရိတ်သိမ်းပြီးစီး

ပေါက်ခေါင်း မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်၌ စိုက်ပျိုးထားခဲ့သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲ (၃၂၃၄) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း၌ စိုက်ဧကများစွာရှိသည့်အပြင် တစ်နှစ်ပတ်လုံးစိုက်ပျိုးရေရှိသည့်အတွက် သီးနှံမျိုးစုံစိုက်ပျိုးနိုင်ရာ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားခဲ့သော ဆင်းပဒေသာ (၁၁)၊ တွန်တာနီနှင့် ဗီယက်နမ်စသည့် ဆောင်းမြေပဲမျိုးကွဲများကို (၅၇၁၇)ဧကဖြင့် လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး (၃၂၃၄) ဧကကို ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကအထွက်နှုန်း ၈၀.၄၈ရာခိုင်းနှုန်းဖြင့် (၂၆၀၂၇၂) တင်းထွက်ရှိရာ အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

မြေပဲစိုက်ပျိုးမှုမှာ အထွက်နှုန်းကောင်းမွန်ခြင်းဖြင့် ဒေသတွင်း စားသုံဆီဖူလုံမှုရှိစေမည်ဖြစ်သောကြောင့် စိုက်နည်းစနစ်မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)