ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း စေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေး အရေးယူခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၀၈)ရပ်ကွက် ဦးဖိုးလှိုင်လမ်း ညနေခင်းစျေးတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက် များကို မလိုက်နာသည့် နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင် ထားခြင်းမရှိသော စျေးရောင်း စျေးဝယ်သူများ၊ လမ်းသွား လမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအပေါ် လိုက်ပါလာသူ များအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက (mask) တစ်ခုလျှင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်သည့် စနစ်ဖြင့် ဆောင်ရွက် ခဲ့ရာတွင် အမှတ်(၁၀၈)ရပ်ကွက် ယာယီပျံကျစျေး၌ ကျား(၃၁)၊ မ (၁)ဦး စုစုပေါင်း(၃၂)ဦး စစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆုငယ်ထွန်း(ပြန်/ဆက်)