ကျောက်ကြီး မတ်လ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၆ ခုနှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ဆုံတတ်မြောက်မှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ဆောင်ရွက်လျှက်ရှိသည်။
ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံညွှန်ကြားချက်နှင့်အညီ မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး ကျောက်ကြီးမြို့နယ်အတွင်း အသက် ၁၀ နှစ်နှင့် အသက် ၁၄ နှစ်ကြားရှိ ပညာသင်နှစ် ၃ နှစ်အထက် ကျော်လွန်နေသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပြင်ပ ပညာရေးအစီအစဥ်ဖြင့် ချိတ်ဆက်ပြီး ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကျောင်းအတွင်း တက်ရောက်ပညာသင်ယူရန် အခက်အခဲရှိသည့် ကလေးများအတွက်ရည်ရွယ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ကျောင်းစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယခု (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၀ ရက်နေ့ (၂)ရက်တာ ပထမအဆင့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၁) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၈) ဦး၊ ပျက်ကွက် (၃) ဦးနှင့် ဒုတိယအဆင့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၈) ဦး၊ ပျက်ကွက်မရှိ ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်ထွေး ပြောကြားချက်အရ သိရသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခြင်း၊ စာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသာ၊ ကျောင်းသူများအား မုန့်ပဲသရေစာများဝေပေးခြင်းနှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)