ကျိုက်ထိုမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်‌ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်ထို မတ် ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်‌ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက အဖွင့်အမှာစကားပြောကြားပြီး ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဌာနတာဝန်ခံ (ကျန်းမာရေးမှူး-၃) ဒေါ်ပိုးအိအိစိုးက ခွေးရူးရောဂါကာကွယ်နှိမ်နင်း‌ရေး (Power Point) အား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုက်နယ်ဆေးရုံများမှ ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ တာဝန်ခံများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ခွေးရူးရောဂါကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)