ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အ‌ခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

ကျိုက်ထို မတ် ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အခြေခံ အင်္ဂလိပ်စာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

 သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က နွေရာသီကျောင်းပိတ် ရက်အားလပ်ရက်တွင် လူငယ်များအားလပ်အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ အနာဂတ်၌ နိုင်ငံ့သားကောင်းများဖြစ်လာစေရေး ရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းပို့ချမည့် အထက်တန်းပြ ဆရာမ ဒေါ်‌ရွှေဇင်ခက်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်ကာလတွင် ပညာရေးအထောက်အကူဖြစ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အင်္ဂလိပ်စာသင်ကြားတတ်မြောက်ထားခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြသည်။

 အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၄၂) ဦးတို့ တက်ရောက်ကြပြီး အင်္ဂလိပ်စာအခြေခံအသုံးအနှုန်းများ၊ အဓိပ္ပါယ်များ၊ အခြေခံအင်္ဂလိပ်စကားပြောခြင်းနှင့် ကလေးကဗျာများတို့ကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)