ပြည်မြို့ စင်္ကြန်တောင် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ဆောင်ရွက်

ပြည် မတ် ၂၀

ကျောင်းသားလူငယ်‌ မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက်များအတွင်း ပြင်ပဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်၊ စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ မတ် ၁၈ ရက်နေ့ နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်မြို့ စင်္ကြန်တောင် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသော အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးအား ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဆွေးနွေးဟောပြောပြီး ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)