ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

သံဖြူဇရပ် မတ် ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်သည်။

ဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်ညိုမီဆွေထွန်းတို့က ငလျင်ဘေးဆိုင်ရာအကြောင်းအရာများဖြစ်သည့် ငလျင်မဖြစ်မီ၊ ဖြစ်ပွား စဥ်၊ ဖြစ်ပွားပြီးနောက် လုပ်ဆောင်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေးရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသူများအား ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)