မင်္ဂလာဒုံ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်နိုင်နှင့် လျှပ်စစ် လိုင်းမင်းများ လုပ်သားများသည် ယနေ့ နံနက် ၉ နာရီက ခရေပင်လမ်းမကြီးနှင့် လမ်းသွယ်တို့ရှိ လျှပ်စစ် ဓာတ်ကြိုးများနှင့် ထိစပ်နေသည့် သစ်ပင် သစ်ကိုင်းများကို ခုတ်ထွင် ရှင်းခဲ့ကြောင်း သိရသည်။
မိုးရာသီတွင် လျှပ်စစ်ဓာတ်ကြိုးများသည် သစ်ပင် သစ်ကိုင်းများဖြင့် ထိစပ်၍ လျှပ်စစ်ယူနစ် ပျောက်ဆုံးခြင်း ၊ ရပ်ကွက်နေ ပြည်သူများ မိုးရာသီ တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ကာ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးအောင်ကျော်ထွန်း ဦးဆောင်မှုဖြင့် ရပ်ကွက်များသို့ သွယ်တန်း ထားသော မီးကြိုးများနှင့် ထိစပ် နေသည့် သစ်ပင် သစ်ကိုင်းများကို ခုတ်ထွင်ရာတွင် လျှပ်စစ်ဓာတ်အားလိုင်းကို ခေတ္တပိတ်မည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး များထံ ကြိုတင်အကြောင်း ကြားထားပြီး ချစ်တီးကုန်း ရပ်ကွက်၊ ၃/ကရပ်ကွက်တို့တွင် စတင် ခုတ်ထွင်ပြီး နီးစပ်ရာ ရပ်ကွက်များကို အပတ်စဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။
မျိုးသန့် (ပြန်/ဆက်)