ကလေးမြို့၌ ဆောင်းနေကြာအောင်မြင်ဖြစ်ထွန်းနေမှု ကွင်းပြပွဲ ကျင်းပ

ကလေး မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အင်ဒိုင်းကြီးကျေးရွာရှိ အိန္ဒိယစပ်မျိုး နေကြာအောင်မြင်ဖြစ်ထွန်းနေမှု ကွင်းပြပွဲကို ကျင်းပခဲ့သည်။

ဆောင်နေကြာကွင်းပြပွဲကို အင်ဒိုင်းကြီးကျေးရွာမှ တောင်သူဦးသန့်ဇင်၏ စိုက်ခင်း၊ ကွင်းအမှတ် (၈၄၁)၊ ဦးပိုင်အမှတ်(၁၆)၊ ဧရိယာ(၅.၀၀)ဧကနှင့် ဒေါ်ခင်စ၏ ကွင်းအမှတ် (၈၄၁)၊ ဦးပိုင်အမှတ်(၂၉)၊ ဧရိယာ(၅.၀၀)ဧကတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး အဆိုပါ ကလေးခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံများအားလုံးစိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသခံတောင်သူများဖိတ်ခေါ်၍ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များကူညီပေးခြင်း၊ စိုက်ပျိုးမည့်မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံးသွင်းအားစုပေးအပ်ခြင်းများကို စိုက်ပျိုးမွေးမြူးရေး ညှိနှိုင်းမှုအဖွဲ့ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)