စစ်ကိုင်း မတ် ၂၀
စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ အမှိုက်ခွဲခြား စွန့်ပစ်သည့်စနစ် လက်တွေ့သရုပ်ပြသပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်သည့်စနစ်အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်မှုစနစ်အား လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများမှ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်မှုစနစ်အား လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများအား အမှိုက်ပုံးများ လက်ဆောင်ပေးအပ်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)