သရက်မြို့၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက် မတ် ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီကစတင်၍ သရက်မြို့အတွင်းရှိ ဇော်ဂျီရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ ရုံးရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၊ တောင်မင်းတည်းရပ်ကွက်၊ မြောက်မင်းတည်းရပ်ကွက်၊ ဈေးရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးနှင့်ဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)