မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မင်္ဂလာတောင်ညွန့် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန၌ (Youth Club)အဖွဲ့ဖြင့် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် " ရိုးရိုးကျင့်မြင့်မြင့်ကြံ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲ (၁၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိ‌စေမည့် စာအုပ်များကိုလည်း ဖတ်ရှုသင့်ကြောင်းနှင့် စာ‌ပေဖတ်ရှုခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရရှိလာ‌စေရန်တို့ကိုလည်း ရှင်းလင်းပြော​ကြား ဆွေးနွေးပါသည်။

ထို့နောက် စာရေးဆရာမ မေ (ရန်ကုန်)က စာရေးဆရာ‌ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ရိုးရိုးကျင့်မြင့်မြင့်ကြံ" စာအုပ်မှ ပေါင်းသင်းတက်ဆံရေးနှင့် ရိုးရိုးကျင့်မြင့်မြင့်ကြံ ခေါင်းစဉ်ပါ အ‌ကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး မောင်သုတပြည့်စုံက ပြန်လည်ဆွေး‌နွေးခဲ့ ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 မြတ်မြတ်အေး (ပြန်/ဆက်)