ပေါင်းတည်၌ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်းနှင့်စိတ်အပန်း‌ ပြေစရာဆွေးနွေးမှု လှုပ်ရှားဆောင်ရွက်

ပေါင်းတည် မတ် ၂ဝ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာတွင် ကျေးလက်ပြည်သူများအား စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်းနှင့် စိတ်အပန်းပြေစရာဆွေးနွေးမှုများ လှုပ်ရှားဆောင်ရွက်ခဲ့သည်။

အဆိုပါ လှုပ်ရှားဆောင်ရွက်မှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုနှင့်အညီ ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက ကျေးလက်ပြည်သူများ၏ လူမှုဘဝ၌ စိတ်ဖိစီးမှုများလျှော့ချနိုင်ရေးနှင့် အိမ်ထောင်ရေးအကြမ်းဖက်မှုလုပ်ရပ်များ တားဆီးကာကွယ်နိုင်ရေးတို့အတွက် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီးနှင့် စိတ်အပန်းပြေစရာများ လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရွှေသား(IPRD)