ချောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြော

ချောက် မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊(Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝင်းကိုက ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်ရေ၏ အရေးပါမှုအ‌ကြောင်းကိုလည်း အသီးသီးဟောပြောခဲ့သည်။

ထိုနောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝင်းကိုကပန်းချီသင်တန်းတွင် အ‌ကောင်းဆုံးရေးဆွဲနိုင်သည့် ကျောင်းသား/ကျောင်းသူများအား မေတ္တာလက်ဆောင်စာအုပ်များပေးအပ်ခဲ့ပြီး "မမြင်နိုင်သောလူသတ်သမား p.m2.5" video ပြသ၍ သင်တန်းတက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများအား ရေချိုသယံဇာတထိန်းသိမ်းရေးအသိပညာ ပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ နွေရာသီပန်းချီသင်တန်းတက်ရောက်သည့် ကျောင်းသား/ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

ကျော်မိုး(ပြန်/ဆက်)