လဟယ် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေ (၅၀ ဒသမ ၉၄၀) ကျပ်သန်းဖြင့် လဟယ်မြို့နယ် ထန်ပါခွေ-တာမောင်-မခွါလယ်ကြား (၂၄/၀) မိုင်တွင် (၂၄) ပေအကျယ် မြေသားလမ်း (၁/၀) မိုင် ဖောက်လုပ်နေမှုကို နာဂဦးစီးအဖွဲ့၊ ဒေသအဆင့် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့၀င်များ၊ နာဂဒေသ ခေတ္တ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် ရုံးအဖွဲ့တို့ ယမန်နေ့က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းအရှည်မှာ (၂၄/၀) မိုင်ရှိပြီး (၉/၀) မိုင် ဖောက်လုပ်ပြီးစီးကြောင်း ယခုဘဏ္ဍာနှစ် တွင် (၁/၀) ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးမှုအနေဖြင့် (၅၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးကြောင်း သိသည်။ ကျန်ရှိသော (၁၅/၀) ကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများ လျာထား၍ ဆက်လက် ဖောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးပါက လဟယ်မြို့နယ်၊ ထန်ပါခေွမြို့နှင့် ကျေးရွာ(၃)ရွာမှ အိမ်ခြေ (၃၂၀) အိမ်လူဦးရေ (၂၃၄၆) ဦးတို့၏ လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ထက် ပိုမိုကောင်းမွန်ကောင်းမွန်လာပြီး ဒေသခံပြည်သူများ၏ပညာရေး၊ ကျန်းမာရေး စီးပွါးရေး ကဏ္ဍနှင့် လူနေမှုဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်ကြောင်း နာဂဒေသ ခေတ္တ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းထံမှသိရသည်။
ရှားဆက် ၊(ပြန်/ဆက်)