ရန်ကုန် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးတို့ ပူးပေါင်း၍ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက နမောတသ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓဘာသာကလျာဏအသင်း ဒုတိယဥက္ကဋ္ဌ၊ မင်္ဂလာဓမ္မဇောတိကဓဇ္ဇ YMBA ဂုဏ်ရည်ဘွဲ့ရ ဦးထင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းလဲ့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဥက္ကဋ္ဌမှ သင်တန်းအတွက် သင်ထောက်ကူစာအုပ်များကို မြို့နယ်ဦးစီးမှူးထံ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ( ၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁) လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)