ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ထိုးနှံ

ပေါက်ခေါင်း     မတ်     ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူများအား ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူများအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရမည့်အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိပြီး ထိုသို့ထိုးနှံပေးရာတွင် (Pfizer) အမျိုးအစားကို ထိုးနှံပေးလျက်ရှိရာ လူ ၅၃၄ ဦးစာ ထိုးနှံ​ပေးရန်လျာထားကြောင်းနှင့် ကျန်ရှိသော မြို့နေပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)