ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်လုံပညာသင်တန်း(တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း) သင်တန်းသားများအား အအေးနှင့် မုန့်များ လှူဒါန်း

ဒဂုံဆိပ်ကမ်း မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်လုံပညာသင်တန်း(တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း) သင်တန်းသားများအား ယနေ့နံနက် ၁၀ နာရီက အအေးနှင့် မုန့်များ လှူဒါန်းခဲ့ရာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများက လက်ခံခဲ့ကြသည်။

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့်  ယုဇနဥယျာဉ်မြို့တော်၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီတို့ပူးပေါင်း၍​ ကိုယ်လုံပညာသင်တန်း(တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း)ကို မတ်လ ၁၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားခဲ့ရာ မြန်မာ့သိုင်းသင်တန်းတွင် သင်တန်းသားသူ (၁၆)ဦးရှိပြီး တိုက်ကွမ်ဒိုသင်တန်းတွင် သင်တန်းသား/သူ (၄၀)ဦးထိရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသား/သူများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိဖြိုးနှင့် အဖွဲ့ဝင်များက အာဟာရဒါနအဖြစ် Royal-D နှင့် ပေါင်မုန့်များ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)