ရန်ကုန် မတ် ၂၁
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်မြို့၊ လသာလမ်းရုံးဖွင့်ပွဲ အခမ်းအနားကို မတ် ၂၀ ရက် နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦဆိုင်းဘုတ်အား စက်ခလုပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကဗ္ဗည်းမော်ကွန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးနှင့် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက အမွှေးနံ့သာ ရည်များဖြင့် ပတ်ဖျန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုံးအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘဏ်ဖွင့်ပွဲအထိမ်းအမှတ် အမှာစကား ပြောကြားသည်။ ထို့နောက် အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လသာလမ်းရုံးအကြီးစား ပြင်ဆင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း မှတ်တမ်းစာအုပ်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်
ဇွဲထက်ကို(ပြန်/ဆက်)