သာယာဝတီ မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင်၂၀၂၆ ခုနှစ် မတ် (၂၁) ရက်၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သာယာဝတီမြို့ ဆရာစံခန်းမ၌ ကျင်းပသည်။
ဦးစွာ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဇော်က “ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေဖို့၊ ကမ္ဘာနှင့်အဝန်းရှိ သစ်တောဂေဟစနစ်များရဲ့ အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်စေဖို့နဲ့သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်စေဖို့စသည်များကို ရည်ရွယ်ပြီး နှစ်စဉ် မတ် ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အဖြစ် ၂၀၁၂ ခုနှစ်တွင် စတင်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်မှာ “FOREST AND ECONOMIES သစ်တောများနှင့် စီးပွားရေး” ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုအား ပြသခဲ့ကြောင်း သိရသည်။
အောင်ဝတီ (သာယာဝတီ)