ပေါက်ခေါင်းမြို့နယ်၌ နွေရာသီကိုယ်ကာယကြံ့ခိုင်မှုသင်တန်း (PE-22) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပေါက်ခေါင်း မတ် ၂၁

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ နွေရာသီကိုယ်ကာယကြံ့ခိုင်မှုသင်တန်း (PE-22) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က အ.ထ.က(ပေါက်ခေါင်း)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ဟောပြောခဲ့ပြီး အားကစားနည်းပြဆရာမ ဒေါ်နန်းအိခိုင်က သင်ကြားပေးမည့် အားကစားနည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းဆရာမ (၂)ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား (၄၂) ဦးဖြင့် (၂၁-၃-၂၀၂၆)ရက်နေ့မှ (၃၁-၃-၂၀၂၆)ရက်နေ့အထိ (၁၁)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရရှိသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)