တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာအခြေခံ သင်တန်းဆင်း

တောင်ဥက္ကလာပ       မတ်    ၂၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန် ဖွင့်လှစ်သည့် အခြေခံ ယဉ်ကျေးလိမ္မာ(အခမဲ့)သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မတ် ၂၀ ရက် နံနက်ပိုင်းက ကျင်းပရသည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ခင်‌ဆွေနှင်းက အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးမြင့်က သင်တန်းဆင်းစာမေးပွဲဖြေဆိုမှုများနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက သင်တန်းနည်းပြဆရာမ ဒေါ်‌အေးအေးမြင့်၊ ဒေါ်သိင်္ဂီဝင်း၊ ဆရာဦးမြင့်အောင်တို့အား ဂါရဝပြု အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။   ဆက်လက်၍ သင်တန်းတွင် အငယ်တန်းအဆင့် နှုတ်ဖြေဆုရရှိသူ သင်တန်းသား ၅ ဦး၊ အကြီးတန်းရေးဖြေဆုရရှိသူ သင်တန်းသား ၅ ဦး၊ စုစုပေါင်း ၁၀ ဦးတို့အား ဆုများပေးအပ်သည်။

အဆိုပါ သင်တန်းကို တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူခဲ့ကြပြီး မတ် ၁၁ ရက်မှ ၂၀ ရက်အထိ သင်ကြားပို့ချပေးခဲ့သည်။

ခင်ဆွေနှင်း (ပြန်/ဆက်)