ကော့မှူးမြို့နယ်ကျိုက်ထော်‌ (မြောက်)ကျေးရွာ၌ မီးလောင်မီးလန့်မှုများနှင့် Fire Hostpot မဖြစ်ပေါ်စေ ရေးအသိပညာပေး ဆွေးနွေး

ကော့မှူး မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျိုက်‌ထော်‌ (မြောက်)ကျေးရွာ၌ကျေးရွာ နေပြည်သူများနှင့် တွေ့ဆုံ၍မီး‌လောင်မီးလန့်မှုများနှင့်Fire Hostpot များမဖြစ်ပွားစေရေးအသိပညာပေး‌ ဆွေးနွေးခြင်းကိုယနေ့နံနက်ကအဆိုပါကျေးရွာ၌ကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့် တောမီး‌လောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များမီးရှို့၍ ဖြစ်ပေါ်လာရ သည့် Fire Hotspots အကြောင်းများ၊ ရိုးပြတ်များမီးမရှိုဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊  လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊  မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု လျှော့ချစေနိုင်မည့်နည်းလမ်းများ အိမ်တိုင်းတွင်မီးသတ်ဆေးဘူး၊မီးချိတ်၊မီးကပ်၊ သဲပုံ၊ရေပုံးများ ထားရှိရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍‌တက်ရောက်လာသောကျေးရွာနေပြည်သူများအား(Gas)မီးအားလက်တွေ့ငြှိမ်းသတ်ခြင်း၊မီးသတ်ဆေးဘူးဖြင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ဆောင်ရွက်ပြီးတစ်အိမ်တစ်ဆင်းအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်၊မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ ကျိုက်ထော်(မြောက်) ကျေးရွာအုပ်ချုပ်ရေးမှူးဦးမျိုးသန့်နှင့် ကျေးရွာနေပြည်သူများတက်ရောက် ခဲ့ကြကြောင်းသိရသည်။

 ကျော်သူရ (ကော့မှူး)