ကျောက်တံခါးမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအတွက်  ထောက်ပံ့ငွေများ ပေးအပ်

ကျောက်တံခါး မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောက်တံခါးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများထံသို့ ထောက်ပံ့ငွေများအား ရပ်ကွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကာယကံရှင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် တစ်လငွေကျပ် ၂ သောင်းကျပ်နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ၃ လစာငွေကျပ် (၆၀၀၀၀)ကျပ်အား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)