မြောက်ဥက္ကလာပ မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သီရိရတနာလက်လီ လက်ကားဈေးနှင့် ဃ ဈေးတို့တွင် အသိပညာပေးစစ်ဆေးခြင်းကာ မီးငြိမ်းသတ်ရေး လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ ဈေးများတွင် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ မီးငြှိမ်းသတ်ယာဥ် (၁) စီး၊ ဈေးဌာနစုမှူး ဦးထင်ကျော်၊ စျေးတာဝန်ခံများ၊ ဈေးလုံခြုံရေးဝန်ထမ်းများနှင့်အတူ တာ၀န်ရှိသူများပူးပေါင်း၍ စျေးအတွင်းရှိ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားသည့် အပေါ့စားစက်များ ကောင်းမွန်မှု ရှိ/ မရှိ ၊ Hydrant ငုတ်များ ရေထွက်အားကောင်းမကောင်း၊ စျေးဆိုင်ခန်းများ လျှပ်စစ်မီများသေချာစွာပိတ်ထားခြင်း ရှိ / မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးလုံခြုံရေးဝန်ထမ်းများအား မီးငြိမ်းသတ်ရေးလုပ်ငန်းများအား ကိုယ်တိုင်ပါ၀င် မီးငြိမ်းသတ်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ( ပြန်/ဆက်)