စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

စေတုတ္တရာ မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာသဒ္ဒါကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍  အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက အခြေခံအင်္ဂလိပ်စာသဒ္ဒါသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခြေခံအင်္ဂလိပ်စာသဒ္ဒါသင်တန်းကို ဖွင့်လှစ်ပို့ချရာ နည်းပြဆရာမ ဒေါ်ဆုမွန်လှိုင်က Noun in positionDirect and IndirectActive Passive စသည့်သင်ခန်းစာများကို ကျောင်းသား/သူများအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ စေတုတ္တရာမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူ ၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကို မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ထိ (၂၁) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)