အလုံ မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်း ပရိယတ္တိစာသင်တိုက်၊ ပညာသီရိဓမ္မဗိမာန်တော်၌ မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက “(၄၀) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား” ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ တက်ရောက်လာသော ဆရာတော်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အဖွဲ့ဝင်များက နမောတဿ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ရာ မြို့နယ်ဩဝါဒစရိယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက သာသနာရေးဆိုင်ရာ လျှောက်ထားခြင်း၊ ဆရာတော်များအား လှူဖွယ်၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက် (၃) တိုက်မှဓမ္မာစရိယကျမ်းပြီး သံဃာတော်များ၊ ကျောင်းတိုက် (၄) တိုက်မှ စာအောင်သံဃာတော်များအားအောင်လက်မှတ်နှင့် ဝတ္ထုငွေဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းလောင်းအမျှပေးဝေ၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဠတု (၃) ကြိမ် ရွတ်ဆို၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)