တာမွေမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တာမွေ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို မတ် ၂၀ရက်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြား၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်အောင်က သဘာဝဘေးများဖြစ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးများ စသည့်သဘာဝဘေး အန္တရာယ်ဆိုင်ရာကိစ္စရပ်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နီလာစိုး (ပြန်/ဆက်)