လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Women Club စကားဝိုင်း ကျင်းပ

လှိုင်သာယာ(အနောက်) မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ (၁)နာရီတွင် Women Club စကားဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းကို Womens Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်စပယ်ဦးမှ အမျိုးသမီးအဖွဲ့နှင့်ပတ်သက်ပြီး အမျိုးသမီးထုလိုအပ်လျက်ရှိသည့် လက်မှုပညာရပ်များ၊ အိမ်တွင်းမှုပညာရပ်များ၊ ကျန်းမာရေးဆိုင်ရာများ၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ကာကွယ်ပိုင်ခွင့်များ၊ မိသားစုဘဝအဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခြင်း၊ ပညာရှင်များဖိတ်ခေါ်၍ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး စကားဝိုင်းဆွေးနွေးခဲ့သည်။

ထို့နောက် စကားဝိုင်းသို့ တက်ရောက်ကြသည့် Women Club အဖွဲ့ဝင်များ သိရှိလိုသည်များကို မေးမြန်းရာ အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌမှ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ ဆက်)