စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

စေတုတ္တရာ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ကျောင်းသူများ ယဥ်‌ကျေးလိမ္မာမှုရှိစေရန်၊ ဗုဒ္ဓတရားတော်များကို အခြေခံမှစ သိရှိနားလည်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်ခင်အေးချိုက ကလေးသူငယ်များအား ဗုဒ္ဓဘာသာဝင် လူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာများ၊ (၃၈) ဖြာ မင်္ဂလာကဗျာများနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဆုံးမစာများကို ကျောင်းသား/သူများအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ (၁၆)ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်(၄၆)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)