ကိုကိုးကျွန်း ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းမြို့နယ် သို့ သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါလာသူ ခရီးသည် စုစုပေါင်း(၆၁)ဦးအား စောင့်ကြည့်သူများအဖြစ် Quarantine ထားရှိပြီး ကိုကိုးကျွန်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် ဆေးဖျန်းခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်၊၊
အဆိုပါ ခရီးသည်အားလုံး ကျန်းမာရေး ကောင်းမွန်သောကြောင့် ၄င်းတို့နေထိုင်ရာ နေအိမ်များသို့ ဌာနဆိုင်ရာ မော်တော်ယာဉ်များဖြင့် အိမ်တိုင် ရာရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)