ပန်းတောင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက် မွေးဝမ်းကျောင်း ထောက်ပံ့ရန်ပုံငွေဖြင့် ခေါင်းလျှော်ရည် ဆပ်ပြာချက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ရွာကြီးကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် မှ တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်မှသင်တန်းဖွင့်လှစ်ပေးရခြင်း အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကာလမှာ ဒီဇင်ဘာ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့ထိ (၅)ရက်စာတွေ့လက်တွေ့ သင်တန်း ပို့ချပေးသွားမည်ဖြစ်ပြီး ရေဝင်ရွာ ကြီး ကျေးရွာနှင့် အနီးနားကျေးရွာများမှ သင်တန်းသား/သူ(၂၀)ဦးတက်ရောက်ကြကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)