ကျိုက်ထို မတ် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအား ယနေ နေ့လယ် ၁၂ နာရီတွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ စတင်ဖြေဆိုခဲ့သည်။
အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်သူများအဖြစ် ဦးသံဝရ(ဥက္ကဋ္ဌ) သစ်ဆင်ပရိယတ္တိ စာသင်တိုက်၊ ဦးဒေဝန္ဒ (အတွင်းရေးမှူး) မြို့မရမ်းချိုကျောင်းတိုက်၊ ဦးသီဟဗလ မြို့တိုက် တောင်ကျောင်းတိုက်၊ ဦးသီလဝန္တရွှေကျောင်း၊ ဦးမာနိတသဒ္ဓမ္မဇောတိကာရုံကျောင်း ဆရာတော်ကြီးများ၊ ကျိုက်ထိုမြို့နယ် သာသနာရေးမှူး ဦးအောင်စိုးမိုးခိုင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
စာမေးပွဲတွင် ပါရာဇိတကဏ္ဍပါဠိအဋ္ဌကထာဖြေဆိုရန် စာရင်းပေးသွင်း သံဃာ(၂၇)ပါး၊ ဖြေဆိုသံဃာ (၂၃) ပါး၊ ပျက်ကွက်သံဃာ (၄) ပါးရှိပြီး မတ် (၂၃) ရက်နေ့မှစတင်ကာ ဧပြီလ (၄) ရက်နေ့ထိဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)