မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မကွေး မတ် ၂၄

၂၀၂၆-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယ‌နေ့နံနက်ပိုင်းက မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)  ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းနှင့် တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်အားထက်သန်ပျော်ရွှင်စွာဝင် ရောက်ဖြေဆိုခဲ့ကြပြီး အဖြေမှန်ရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသာ သုတ၊ ရသ၊ စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)