မုဒုံမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ဖြေဆို

မုဒုံ မတ် ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၁၆) ကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၉) ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့မ (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ စတင်ကျင်းပလျက်ရှိသည်။

ဓမ္မာစရိယစာမေးပွဲကို မုဒုံစာဖြေဌာနတွင် သံဃာတော် (၁၃၂) ပါးနှင့် သီလရှင် (၁၅) ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားပြီး (ပထမနေ့) ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာကို ဖြေဆိုသံဃာ (၁၁၁) ပါး၊ သီလရှင် (၁၄) ပါး ပျက်ကွက်ပေါင်း (၂၂) ပါးရှိကာ စာမေးပွဲများကို မြို့နယ်သံဃနာယက ဩဝါဒစရိယဆရာတော်ကြီး (၁၈) ပါးမှ ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း (၃) ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ ကျမ်းရင်း ()/() ပါဠိဂုဏ်ထူး၊ မြန်မာဂုဏ်ထူးနှင့် ပါဠိပထမပြန်တွင် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းများ စာမေးပွဲကို သတ်မှတ်ရက်များအလိုက် ဘာသာရပ်များအား (၁) ရက်ကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)